| |
မူလသတင်းစာမျက်နှာသို့

|
|
|
နာရေးကူညီမှုအသင်း(ရန်ကုန်)သည် နာရေးကူညီဆောင်ရွက်ပေးခြင်း၊ သုခကုသိုလ်ဖြစ်ဆေးခန်းဖွင့်လှစ်ပြီး အခမဲ့ဆေးကုသပေးခြင်း၊ သုခအလင်းစာကြည့်တိုက်ဖွင့်လှစ်ပေးခြင်း၊ လူငယ်လူရွယ်များအား အင်္ဂလိပ်စာသင်ကြားပေးခြင်းစသည့် လူမှုအကျိုးပြုလုပ်ငန်းများကို စေတနာ ထက်သန်စွာဖြင့် ဆောင်ရွက်ပေးနေသည့် လူမှုရေးအဖွဲ့အစည်းဖြစ်ပါသည်။
|
|
|
|
ပန်းချီ သန်းမြင့်အောင် ဈာပန အခမ်းအနား 13-5-2010
|
|
ပန်းချီ အနုပညာရှင် ကိုသန်းမြင့်အောင်သည် မေလ ၁၁ ရက် ညနေ ၃ နာရီ ခွဲက ကွယ်လွန်ခဲ့ပါသည်။ မေလ ၁၃ ရက် နံနက် ၁၀ နာရီတွင် ရန်ကုန် ဆေးရုံကြီး အအေးခန်းမှ နာရေးကူညီမှုအသင်း ဥက္ကဌ ဦးကျော်သူ ကိုယ်တိုင် ကားမောင်းပြီး ရေဝေး သုဿန်သို့ သယ်ဆောင် သဂြိုင်္ဟ်ခဲ့ပါသည်။
၎င်း ဈာပန အခမ်းအနားသို့ အနုပညာရှင် အသိုင်းအ၀ိုင်းမှ စာရေးဆရာများ၊ ပန်းချီဆရာများ၊ ကဗျာဆရာများနှင့် အတူ နာရေးကူညီမှုအသင်း(ရန်ကုန်)မှ လုပ်အားပေး အသင်းသူ အသင်းသားများ တတ်ရောက်ခဲ့ကြပါသည်။ (ပန်းချီသန်းမြင့်အောင်သည် နာရေးကူညီမှုအသင်း(ရန်ကုန်)မှ စာရေးဆရာမ သန်းမြင့်အောင် မဟုတ်ပါ။)
|
|
|
|
ပန်းချီသန်းမြင့်အောင် (ကဗျာဆရာ သင်းဝေအောင်) ဈာပန မှတ်တမ်း ဓါတ်ပုံများ
|
|
|
|
|