| |
မူလသတင်းစာမျက်နှာသို့

|
|
|
နာရေးကူညီမှုအသင်း(ရန်ကုန်)သည် နာရေးကူညီဆောင်ရွက်ပေးခြင်း၊ သုခကုသိုလ်ဖြစ်ဆေးခန်းဖွင့်လှစ်ပြီး အခမဲ့ဆေးကုသပေးခြင်း၊ သုခအလင်းစာကြည့်တိုက်ဖွင့်လှစ်ပေးခြင်း၊ လူငယ်လူရွယ်များအား အင်္ဂလိပ်စာသင်ကြားပေးခြင်းစသည့် လူမှုအကျိုးပြုလုပ်ငန်းများကို စေတနာ ထက်သန်စွာဖြင့် ဆောင်ရွက်ပေးနေသည့် လူမှုရေးအဖွဲ့အစည်းဖြစ်ပါသည်။
|
|
|
|
ဘက်စုံထူးချွန်တဲ့ အစ်ကို( သုမောင် ) ကြွေလွင့်သွားပြီ ။ ၁၆-၅-၂၀၁၀ နေ့ ည ၉း၀၀နာရီ သုခကမ္ဘာဆေးရုံမှတစ်ဆင့် ကမ္ဘာမြေပြင်မှထွက်ခွါသွားခဲ့ပြီ ။
|
|
ဈာပနသင်္ဂြုလ်မည့်အစီအစဉ် - ၂၀-၅-၂၀၁၀ (ကြာသပတေးနေ့) နံက် (၁၀) နာရီ ရေဝေးသုဿန်
ရုပ်ရှင်၊ ဂီတ၊ စာပေအနုပညာနယ်ပယ်များတွင် ထင်ရှားသူတစ်ဦးဖြစ်သည့် စာရေးဆရာ အကယ်ဒမီ သုမောင် အသက် (၆၀)နှစ်သည် အသည်းရောဂါဖြင့် မေလ (၁၆)ရက်နေ့ ည(၉)နာရီအချိန်တွင် သုခကမ္ဘာဆေးရုံတွင် ကွယ်လွန်သွားကြောင်း သတင်းရရှိပါသည်။
“ ဆေးရုံတင်နေရတာ သုံးရက်ရှိသွားပါပြီ၊ အသည်းရောဂါနဲ့ဆုံးသွားခဲ့တာပါ “ ဟု သားဖြစ်သူ ဖိုးသောက်ကြာ ကပြောကြားခဲ့ပါသည်။
အကယ်ဒမီသုမောင်သည် ၁၉၅၁ ခုနှစ်က အဘစာရေးဆရာ ဒါရိုက်တာ ဦးသာဓုနှင့် အမိဒေါ်ခင်ညှိတို့မှ ရန်ကုန်မြို့၌ မွေးဖွားခဲ့သော တတိယမြောက်သားတစ်ဦးဖြစ်သည်။ အမည်ရင်းမှာ မောင်ဗလဖြစ်သည်။
ရန်ကုန်မြို့ရှိ စိန်ပေါလ်ကျောင်း၌ ပညာသင်ကြားခဲ့ပြီး ၁၉၆၉ ခုနှစ်တွင် စက်မှုလက်မှုအထက်တန်းကျောင်းမှ ဒီဇယ်အင်ဂျင်နီယာသင်တန်း အောင်မြင်ခဲ့ပါသည်။ ၁၉၇၀ ပြည့် နှစ်ဝက်မှုန်ဂျာနယ်တွင် အုပ်စိုးအမည်ဖြင့်ရေးသားခဲ့သော သနပ်ခါးကျဲကျဲဝတ္တုတိုမှာ အကယ်ဒမီသုမောင်ဧ။် ပထမဆုံးသော ၀တ္တုတိုဖြစ်သည်။
၁၉၇၄ ခုနှစ်တွင် ချစ်စံနမူဇတ်ကား၌ ပါဝင်သရုပ်ဆောင်ခဲ့ပြီး ရုပ်ရှင်လောကသို့ စတင်ဝင်ရောက်ခဲ့ပါသည်။ ၁၉၇၄ ပြည့်နှစ်၌ပင် နှောင်းတမြေ့မြေ့၊ အကြင်တို့လင်မယား စသည့် ရုပ်ရှင်ဇတ်ကားများတွင် ပါဝင်ခဲ့ပြီး သုမောင်ဧ။် အမည်မှာထင်ရှားလာခဲ့ပါသည်။
၁၉၉၉၀ပြည့်နှစ်၌ ခုနှစ်စဉ်အလွမ်းဇတ်ကားတွင် သရုပ်ဆောင်ခဲ့ပြီး မြန်မာ့ရုပ်ရှင်ထူးချွန်ဆု အမျိုးသားဇတ်ဆောင်ဆုကို ရရှိခဲ့ပါသည်။
မကွယ်လွန်မှီအချိန်ထိ ရုပ်ရှင်ဇတ်ကားပေါင်း (၄၀)ကျော်တွင် ပါဝင်သရုပ်ဆောင်ခဲ့ပြီး ရုပ်ရှင်နောက်ခံသီချင်း၊ ရေဒီယိုသီချင်း အစရှိသော တေးသီချင်းပေါင်း (၂၀၀၀)ကျော်ကို သီဆိုထားခဲ့ကြောင်းသိရှိရပါသည်။
News - Weekly Eleven Journal- No.32, Vol.5 - May.19.2010
|
|
|
|
|
|
|