| |
မူလသတင်းစာမျက်နှာသို့

|
|
|
နာရေးကူညီမှုအသင်း(ရန်ကုန်)သည် နာရေးကူညီဆောင်ရွက်ပေးခြင်း၊ သုခကုသိုလ်ဖြစ်ဆေးခန်းဖွင့်လှစ်ပြီး အခမဲ့ဆေးကုသပေးခြင်း၊ သုခအလင်းစာကြည့်တိုက်ဖွင့်လှစ်ပေးခြင်း၊ လူငယ်လူရွယ်များအား အင်္ဂလိပ်စာသင်ကြားပေးခြင်းစသည့် လူမှုအကျိုးပြုလုပ်ငန်းများကို စေတနာ ထက်သန်စွာဖြင့် ဆောင်ရွက်ပေးနေသည့် လူမှုရေးအဖွဲ့အစည်းဖြစ်ပါသည်။
|
|
|
|
နာရေးကူညီမှုအသင်း(ရန်ကုန်)သည် ၁၂-၅-၂၀၁၀ နေ့မှ ၁၆-၅-၂၀၁၀ နေ့အ ထိ ရေစုပေါင်း (၁၂၂၀၀)ဂါလံအား သွားရောက်လှူဒါန်းပြီး
16-5-2010
|
|

၁၂-၅-၂၀၁၀ ရက်နေ့တွင် ပဲခူးမြို့မှ (၄၅)မိုင်ခန့်ကွာဝေးသည့် ဝေါမြို့နယ်၊ ပုဂံရွာသို့ ရေ (၂၂၀၀)ဂါလံ သွားရောက် လှူဒါန်းခဲ့ပါသည်။
၁၄-၅-၂၀၁၀ ရက်နေ့ နံက်ပိုင်းတွင် ပဲခူးမြို့မှ မိုင်(၄၀)ခန့်ကွာဝေးသည့် က၀မြို့နယ်၊ ကတက်စိန်ကျေးရွာသို့ ရေ(၂၅၀၀)ဂါလံသွားရောက် လှူဒါန်းခဲ့ပါသည်။
၎င်းနေ့ ညနေပိုင်းတွင် ဝေါမြို့နယ်အတွင်းရှိ အင်းတိုင်စုရွာနှင့် ဆိုင်ပြည်စုရွာများသို့ ရေ(၂၅၀၀)ဂါလံ သွားရောက်လှူဒါန်းခဲ့ပါသည်။
၁၅-၅-၂၀၁၀ ရက်နေ့တွင် ပဲခူးမြို့မှ (၄၅)မိုင်ခန့်ကွာဝေးသည့် က၀မြို့နယ် နှမ်းထောင်ရွာသို့ ရေ(၂၅၀၀)ဂါလံ သွားရောက်လှူဒါန်းခဲ့ပါသည်။
၁၆-၅-၂၀၁၀ ရက်နေ့ ပဲခူးမြို့မှ (၄၅)မိုင်ခန့်ကွာဝေးသည့် က၀မြို့နယ်အတွင်းရှိ ရွှေတဆုပ်ကျေးရွာ - အိမ်ခြေ (၂၅၀) လူဦးရေ (၁၀၀၀)ဦး၊
ကျားခေါင်းကုလားစုရွာ - အိမ်ခြေ (၅၀) လူဦးရေ (၁၅၀)ဦး၊ နှင့် တိုင်းစွန်းရွာ - အိမ်ခြေ (၂၅၀) လူဦးရေ (၁၀၀၀) ဦး တို့အား ရေ (၂၅၀၀)ဂါလံ သွားရောက်လှူဒါန်းခဲ့ပါသည်။
နာရေးကူညီမှုအသင်း(ရန်ကုန်)သည် ပြည်တွင်း ပြည်ပမှ စေတနာရှင် မိဘပြည်သူများဧ။် လှူဒါန်းငွေများဖြင့်
၁၂-၅-၂၀၁၀ နေ့မှ ၁၆-၅-၂၀၁၀ နေ့အထိ ရေအခက်အခဲကြုံတွေနေရသည့် ကျေးရွာ (၈)ရွာသို့ ရေဂါလံစုစုပေါင်း (၁၂၂၀၀)ဂါလံအားသွားရောက်လှူဒါန်းခဲ့ပြီးဖြစ်ပါသည်။
ရေလှူဒါန်းလိုပါက အောက်ဖော်ပြပါဖုန်းနံပါတ်များသို့ ဆက်သွယ်လှူဒါန်းနိုင်ပါသည်။
နာရေးကူညီမှုအသင်း(ရန်ကုန်)
ရုံးချုပ် - ၅၈၁၃၆၃၊ ၅၈၀၁၃၃၊ ၇၀၉၂၇၇၊ ၇၂၈၀၈၉၊ ၇၀၄၇၈၄
|
|
|
|
နာရေးကူညီမှုအသင်း (ရန်ကုန်) - လှုပ်ရှားဆောင်ရွက်မှု သတင်းမှတ်တမ်း ဓါတ်ပုံများ
|
|
|
|
|