|
 |


|


- About Thukha Clinic - Aims & Objective
- Special Medical Aid Services
- Medical Services & Emergency Aid,
- Rules & Regulations
- Medical Aid Montly Record
- Donor List
- Photo Gallery News
|


|
Contact Address to FFSS (Yangon) |
Free Funeral Service Society (Yangon)
No.(13-A), Bomhu Bahtoo Road
48 (U-9) Ward, North Dagon Township
Yangon, Myanmar.
Head Office : 580133, 581363
704784, 709277, 728089
Thukha Clinic : 583514
Yeway Office : 09-86-40219
E.mail : ffss.ygn@gmail.com
|
|
သတင်းများပေးပို့လိုပါက ………
E.Mail : news@ffssyangon.net
|
| |
|
|
ကုသိုလ် နှင့် အကုသိုလ် လွန်ဆွဲပွဲ - ၂၁.၅.၂၀၁၀ (သောကြာ)နေ့
|
|
 |
နာရေးကူညီမှုအသင်း(ရန်ကုန်)သည် ၂၁.၅.၂၀၁၀ (သောကြာ)နေ့တွင် သောက်ရေ/သုံးရေ လိုအပ်လျှက်ရှိသော သံလျင်မြို့နယ်၊ သုံးခွမြို့ဘက်သို့အသွား လမ်းတစ်လျှောက်ရှိ ပျဉ်းမကန်စံပြကျေးရွာ၊ တံတားပြာကျေးရွာ၊ အနောက်စုကျေးရွာ၊ စွယ်တော်ကွင်းကျေးရွာ၊ ရွှေဘိုစုကျေးရွာနှင့် ဒေးပေါက်စံပြကျေးရွာ တို့တွင် ရေလှူဒါန်းမှုကို နာရေးကူညီမှုအသင်း(ရန်ကုန်)ရှိ လုပ်အားပေးလူငယ်များနှင့် ကိုလူချောအဖွဲ့ (ရုပ်ရှင်သရုပ်ဆောင် လူကြမ်းမင်းသား) ပူးပေါင်းပြီး ကုသိုလ်ဖြစ် လှူဒါန်းခဲ့ကြပါသည်။ |
 |
ဦးစွာ သံလျင်မြို့ တာဝ (ရန်ကုန်အရှေ့ပိုင်း တက္ကသိုလ်)ကျောင်း အရှေ့ရှိ တော်ဝင်နှင်းဆီ အမျိုးသမီးသီးသန့် အဆင့်မြင့် ဘော်ဒါဆောင်မှ မိမိတို့ပါသွားသော ရေဂါလံ (၂၅၀၀) ဆံ့ ပလပ်စတစ် ရေတိုင်ကီပုံးများထဲသို့ ကား (၂) စီး ရေဖြည့်ပြီး သုံးခွမြို့နယ်ရှိ ရေဒုက္ခသည်တို့ရှိရာ ကျေးရွာများသို့ သွားရောက် ရေအလှူ ပြုခဲ့ကြပါသည်။ |
 |
ထူးခြားချက်မှာ … မိမိတို့သည် သောက်ရေ သုံးရေ ရေဒုက္ခသည်များထံသို့ သွားရောက်လှူဒါန်းရန် ရေအလှူရှင်တို့ထံမှ ရေများဖြည့်ဆည်းနေချိန် နံနက် (၁၁း၀၀) နာရီအချိန်တွင် မိုးများ ရွာသွန်းခဲ့ပါသည်။ သောက်ရေ/သုံးရေ ရေဘေးဒုက္ခသည်များကို မိမိတို့သည် လူအချင်းချင်း ရိုင်းပင်းကူညီ ပံ့ပိုးမှုများ ပြုလုပ်ခဲ့ကြသလို မိုးနတ်သားများမှလည်း မိုးရေစက်များဖြင့် ရေဒုက္ခသည်များထံသို့ မိုးရေ လှူဒါန်းမှုများ ပြုလုပ်ခဲ့ကြခြင်းပင် ဖြစ်တော့သည်။ |
 |
ထိုကဲ့သို့ လူအချင်းချင်း ကယ်တင်ဖေးမခြင်းတင်မက ဒေ၀တာ နတ်မင်းများကလည်း ပံ့ပိုးကူညီ ခြင်းများ ပြုလုပ်ပေးနေသော်လည်း . . . အချို့သော ရေဒုက္ခသည် ကျေးရွာ ဒေသများတွင် ရေချို တစ်ဆင့် လှူဒါန်းသူတို့အား ရေပိုက်ကြီးကြီးနှင့် မလှူရန် လာရောက်တားမြစ်ခြင်း၊ ဒေသခံလူထုက ပေ (၈၀) ခန့် အ၀ီစိတွင်း တူးလျှင် ရေချိုထွက်သည်ဟု ပြောကြားသော်လည်း မိမိတို့ ကုသိုလ်ဖြစ် အသင်းအဖွဲ့တို့အား ပေ (၂၀၀) ခန့်တူးမှ ရေချိုထွက်နိုင်ကြောင်း မုသားသုံးပြီး ဖျက်လို ဖျက်ဆီးနှင့် လာရောက်ပြောဆိုသူများ၊ ရေဘေးဒုက္ခသည် ရွာများရှိရာ လမ်းဆုံ လမ်းခွများတွင် ရွာများသို့ အ၀င်တွင် ထိုရွာများသို့ မိမိတို့ ကားများဖြင့် ၀င်ရောက်ပါက ပြဿနာတက်မည်ဖြစ်ကြောင်း၊ သွားလို့ရမည် မဟုတ်ကြောင်း လာရောက်ဟန့်တားခြင်းများ ကြုံတွေ့ခဲ့ရပါသည်။ |
 |
ထိုသို့သော . . . ကုသိုလ်နှင့် အကုသိုလ် လွန်ဆွဲပွဲတွင် ကျွန်တော်တို့သည် ကိုယ့်လမ်း … ကိုယ်သွား၊ ကိုယ့်အလုပ် … ကိုယ်လုပ်၊ ကိုယ့်တာဝန် … ကိုယ်ကြေ၊ ကိုယ့်သီလ … ကိုယ်လုံ၊ ကိုယ့်သမိုင်း … ကိုယ်ရေးပြီး ဒူးမထောက် ဦးမညွှတ်ဘဲ ကုသိုလ်ရေး ကိစ္စရပ်များကို ရဲရဲရင့်ရင့် ရင်ဆိုင်ချီတတ်သွားမည် ဖြစ်ပါကြောင်းနှင့်. . . |
 |
ယနေ့  (၂၂.၅.၂၀၁၀) ရက်နေ့ တွင်လည်း ယင်းဒေသများသို့ နာရေးကူညီမှုအသင်း(ရန်ကုန်) လူမှုရေး အဖွဲ့သားများနှင့် ရုပ်ရှင်လူကြမ်းသရုပ်ဆောင် (ကိုလူချော) အဖွဲ့သားများ ပူးပေါင်းကာ ဒါနကုသိုလ်ကို ရဲရဲရင့်ရင့် သွားရောက်ပြီး ရေလှူဒါန်းမှုများ ဆက်လက် ပြုလုပ်လျှက်ရှိပါကြောင်း . . . . ။ |
 |
 |
 |

|
|
|
|
|
|